Monday 21 November 2011

'သီချင်းနားထောင်ရင်း စာသားတွေ အလိုအလျောက်တက်လာစေမယ့် Plug in လေးတွေ'

အင်္ဂလိပ်သီချင်းလေးတွေ နားထောင်ရင်း လိုက်ဆိုချင်တဲ့အခါ အင်တာနက်ကနေ သီချင်းစာသားပေးတဲ့ ဆိုက်တွေကနေ လိုက်ရှာရတက လည်းအလုပ်တစ်ခုပါ။သီချင်းနားထောင်လိုက် စာသားဖိုင်ကို ဖွင့်လိုက်နဲ့ ကွန်ပျူတာကို လည်းပရိုဂရမ်နှစ်ခုခိုင်းထားရသလို သီချင်းတစ်ပုဒ်ပြောင်းတိုင်း သီချင်းစာရွက်တစ်ရွက်ပြန်လိုက်ရှာ ဖွင့်နေရပြန်ေ၇ာ ၊သီချင်းနားထောင်တဲ့ အခါ Audio Player မှာ စာသားအလိုအလျောက်တက်လာရင်တော့ ကိုယ့် ကွန်ပျူတာလည်း တစ်ခါတည်း ပရိုဂရမ်နှစ်ခုအလုပ်မလုပ်ရသလို ကိုယ်လည်းအလုပ်မရှုပ်တော.ဘူးပေါ့။ဒီလို အဆင်ပြေချင်ရင်တော့ http://www.lyricsplugin.com ကိုသွားလိုက်ပါ။အဲဒီဆိုက်မှာ Audio Playerသုံးမျိုးဖြစ်တဲ့ Window Media Player, Winamp, Itune တို့နဲ့ တွဲဖက်ပြီး အသုံးပြုနိုင်မယ့် Plug in လေးတွေကို ဒေါင်းလုပ်ချပြီး ကိုယ့်ရဲ့ စက်မှာ Install လုပ်လိုက်မယ်ဆိုရင် သီချင်းနားထောင်တာနဲ့တစ်ပြိုင်တည်း Audio Player မှာ စာသားတွေကို အလိုအလျောက် ပေါ်လာစေမှာပါ။
သတိပြုရမှာတော့ - ဒီ Plug in လေးက သက်ဆိုင်ရာ Player ကနေ အင်တာနက် ၀က်ဘ်ဆိုက်တွေပေါ်က သီချင်းတွေကို ရှာချိတ်ပေးရတာဖြစ်လို့ အင်တာနက် တပ်ဆင်ထားဖို့တော့ လိုပါလိမ့်မယ်။အင်္ဂလိပ်သီချင်းတွေသာမက ဥရောပသီချင်းတွေနဲ့ ကိုရီးယား၊ တရုတ်၊ဂျပန်သီချင်းတွေနဲ့ စာသားတွေကို ပါ ရှာပေးနိုင်ပါတယ်။ဘာသာစကားလေ့လာနေတဲ့သူတွေ အတွက် နားထောင်စွမ်းရည်ကို သီချင်းနားထောင်ရင်း လေ့ကျင့်နိုင်ပါဦးမယ်။ မြန်မာသီချင်းတွေကိုတော့ ရှာပေးနိုင်ခြင်းမရှိပါဘူး။
Ref - The Voice Weekly Journal

No comments:

Post a Comment