Thursday 15 March 2012

Google Blacklist Plugin (For Chrome)

Google chrome သုံးတဲ့ သူငယ်ချင်းတွေအတွက် Firefox မှာ အသုံးပြုတဲ့ WAT လို အန္တာရယ်ရှိတဲ့ ဆိုဒ်တွေကို သတိပေးတဲ့ Plugin လေးကို Google chrome သုံးတဲ့ သူငယ်ချင်းတွေအတွက် သတင်းပေးလိုက်ပါတယ်။ သူရဲ့ ထူးခြားချက်က google Search Engines မှာ မိမိ သိချင်တဲ့ အကြောင်းအရာတွေ ရှာတွေတဲ့ အခါမှာ google က blacklist သွင်းထားတဲ့ အန္တာရယ်ရှိတဲ့ဆိုဒ်တွေကို မဖွင့်မိ မကလစ်မိအောင် သတိပေးပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ရင် မြင်သာပါတယ်။ ကဲ Google chrome သုံးတဲ့ သူငယ်ချင်းတွေအတွက် သုံးသင့်တယ်လို့ ယူဆပါတယ်။



Download Google Blacklist

Black Theme and Icons



ဒီတစ်ခါတော့ ကျွန်တော့်မှာ ရှိနေတဲ့ Theme လေးတွေ Icon လေးတွေကိုပဲ သူငယ်ချင်းတွေအတွက် အပျင်းပြေသုံးဖို့ ဝေမျှပေးလိုက်ပါတယ်။ Window 7 Black Theme လေးပါ။ အနက်ရောင် Crazy များအတွက်တော့ နှစ်သက်စရာပါ။ Soccer ချစ်သူများ အတွက်လည်း Football Icon လေးတွေလည်း တစ်ခါတည်း ဝေမျှထားပါတယ်။ တစ်ခြား Icon လှလှလေးတွေပါ ထည့်သွင်းပေး ထားပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

Black Theme
Other
W7
Football 1
Football 2 

Monday 12 March 2012

လိုတဲ့ Driver ဒီမှာရှာ

ကျွန်တော်ဒီနေ့ Driver တွေလိုအပ်နေတဲ့ သူငယ်ချင်းများအတွက် လိုအပ်နေတဲ့ Driver တွေကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ဖို့ စုစည်းတင်ပြ ပေးလိုက်ပါတယ်။ ရှေ့ပိုင်းမှာလည်း Windows အတွက်လိုအပ်သော Driver များ ဆိုပြီးတင်ပေးခဲ့ ပြီးသားပါ။ ကျွန်တော့်စက်မှာဆိုရင် Windows7 တင်ထားတာ CPU ရှေ့မှာရှိတဲ့ Audio ပေါက်လေးတွေက အလုပ်မလုပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ AudioDriver လိုနေလို့ပါ။ သာမန်ဆို စက်ဝယ်တုန်းက ပါတဲ့ Motherboard Driver ထဲမှာပါတဲ့ AudioDriverလေး run ပေးလိုက်ရင် အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော့်စက်မှာ ခုနလို လုပ်ပေးလို့မရပါဘူး။ ဒါကြောင့် Realtalk ဆိုဒ်လေးမှာ သွားပြီး Windows7 အတွက် audio Driver ဒေါင်းပြီးရမ်းလိုက်တာ အဆင်ပြေသွားပါတယ်။ ဒါဟာ တစ်နည်းအားဖြင့်ဆို ကျွန်တော့် MontherBoard Driver ထဲမှာပါတဲ့ Audio Driver ကလက်ရှိတင်ထားတဲ့ Window7 အတွက်ကို Support မလုပ်ပေးနိုင်လို့ပါ။ အဲ့လိုအခြေအနေမျိုး မှာဆိုရင် မိမိတင်ထားတဲ့ Windows နဲ့ကိုက်တဲ့ Driver လေးတွေ run ပေးရပါတယ်။ ဒါမှသာ အားလုံးအဆင်ပြေပြေ ချောချောမွေ့မွေ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ အမျိုးအစားအလိုက် လိုအပ်တဲ့ Driver တွေကို ဒေါင်းပြီး Run ပေးလိုက်ပါ။ လင့်တွေအကုန်လုံး အလုပ်လုပ်ပါတယ်။ Free လဲပေးပါတယ်။ ကျွန်တော်ကိုယ်တိုင် အကုန်လိုက်ဒေါင်းပြီး စမ်းကြည့် run ကြည့်ပြီးပါပြီ။ အကုန်လုံး အဆင်ပြေပါတယ်။ Laptopသမားတွေ အတွက်လည်း အင်မတန်မှ အထောက်အကူ ဖြစ်စေပါတယ်။ Printer၊Scannerတွေ အတွက်လည်း အမျိုးအစားအလိုက် ရှာဖွေကြည့်နိုင်ပါတယ်။ မိမိတို့Serialနံပါတ် လိုက်လည်းရှာဖွေ နိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေနိုင်ပါစေ။









































Portable Any Video Converter

ကျွန်တော်တို့ Video တွေ VCD တွေကို Converter လုပ်ချင်တဲ့အခါ အရမ်းအဆင်ပြေစေမဲ့ Converter လေးနဲ့ ကျွန်တော် မိတ်ဆက်ပေးလိုက်တာပါ။ သုံးရတာလဲ အဆင်ပြေပါတယ်။ မိမိထည့်ချင်တဲ့ ပြောင်းချင်တဲ့ video တွေ VCD တွေကို Add Video မှ ထည့်လိုက်ပါ။ ဒါမှမဟုတ် File ကနေ ထည့်လဲရပါတယ်။ Profile မှာကတော့ မိမိပြောင်းချင်းတဲ့ File Type တွေကို ရွေးချယ်လိုက်ပါဗျာ။ Youtube ကနေ Link ကိုပြောင်းချင်လဲ Link လေးထည့်ပြီ တိုက်ရိုက်ပြောင်းလို့ရပါတယ်။ ပြီရင် converter ကို click လိုက်ရုံးပါဘဲ။ပြီရင်တော့ မိမိ ကွန်ပျူတာပေါ်က Desktop ပေါ်မှ Video Converter Folder ထဲမှာဘဲ မိမိပြောင်းထားတဲ့ VIDEO တွေ ရောက်နေပါမည်။( Portable Run စဉ်က Borrow ကနေ ရွေးချယ်ခဲ့တဲ့ နေရာကိုပြောတာပါ။ အဲဒီမှာ Desktop မရွေးဘဲ ကျန်တဲ့နေရာရွေးရင် ကိုယ်ရွေးခဲ့တဲ့နေရာမှာ ပေါ်နေပါမည်.) ဘယ်ရောက်သွားလဲ မသိတဲ့သူငယ်ချင်းများ အဲဒီထဲမှာ သွားကြည့်လိုက်ပါဗျာ။




MediaFire
MegaShare

BumpTop - 3D Desktop Organizer


ကျွန်တော်တို့ Desktop မှာ လှလှလေးတွေ အသုံးပြုနိုင်ဖို့ အမျိုးမျိုး အသုံးပြုကျပါတယ်။ 3D Desktop ဆို လူသုံး များမယ်လို့ထင်ပါတယ်။ ကျွန်တော် အခု တင်ပြမှာကလဲ 3D Desktop ပါ။ ဒါပေးမဲ့ အများ အသုံးပြုနေကျ အများသိနေတဲ့ 3D Desktop မဟုတ်ပါဘူး။ ကျွန်တော်တောင် Google မှာ ပျင်းလို့ လျောက်လုပ်လိုက်တာ BumpTop - 3D Desktop Organizer For Windows တွေ့လို့ စမ်းကြည့်တာ အတော်လေ ကောင်းသကိုဗျ။ ဒါကြောင့် ကျွန်တော် သူငယ်ချင်းများလဲ အဆင်ပြေအောင် တင်ပြပေးလိုက်တယ်။ Run လိုက်ရင် Key တောင်းလိမ့်မယ် ။ ထည့်ဆရာမလိုဘူး အပေါ်မှာ Free ဆိုတာ ပါတယ်။ click လိုက်ရုံးပါဘဲ။ ကျွန်တော် ရှင်းမပြတော့ဘူးvideo နဲ့ ရှင်းထားတာကို မှုရင်းဆိုဒ်ကနေ တင်ပြပေးလိုက်ပါတယ်။ (မြန်မာပြည်က သူငယ်ချင်းများကတော့ Youtube ကို ကျော်ကြည့်မှ ရပါမည်။ပြန်ဖြူတ်လိုက်ပါတယ်။)



Download

Megashare

Megaupload

မေးလ်မှာ Signature လှလှလေးတွေ ထည့်နည်း


ကျွန်တော်တို့ မေးလ်မှာ Signature ထည့်တဲ့နေရာမှာ ပုံမှာအားဖြင့် နံမည်လေး ရေးတက်ကျပါတယ်။ ကျွန်တော်လည် အရင်းက နံမည်ဘဲ ရေးခဲ့တာပါ။ နောက်ပိုင်းမှာ အခုတင်ပြမည်ဆိုဒ်လေးသိတော့မှ Sign လှလှလေးတွေ လုပ်လို့ရမည့်ဆိုဒ်နဲ့ မေးလ်မှာထည့်လို့မည် add-on လေး တွေ့တော့မှ အတော်အဆင်ပြေသွားတာပါ။ ဒါကြောင့် ကျွန်တော်သူငယ်ချင်းများကိုတင်ပြလိုက်တာပါ။ သိသွားရင်တော့ မခတ်တော့ဘူးပေါ့နော်။ လုပ်ဆောင်ပုံကိုအောက်မှာ ကြည့်လိုက်ပါ။

Step#1
1.
http://www.wisestamp.com/email-install ဆိုဒ်မှာ အရင်းသွားလိုက်ပါ။ ပြီရင် Drownload now ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကို click လိုက်ရင် အောက်မှာတွေ့ရတဲ့ပုံအတိုင်း Allow ကို click လိုက်ပါ။





2. အထပ်ပါအတိုင်း Allow ကို click လိုက်ရင်အောက်ပါအတိုင်း ကျလာပါမည်။ Install Now ကို click လိုက်ပါ။ပြီရင် Firefox ကို Restart ကို click လိုက်ပါ။ Firefox က Restart ကျလာပါမည်။



3. ပြီရင် မိမိ Mail ကိုဖွင့်လိုက်ပါ။ပြီရင် compose mail ကိုနိုပ်လိုက်ပါ။ ကျွန်တော်တို့ အခုဏ Install လုပ်ခဲ့တဲ့ WiseStamp- Email Signatures Icon လေးကို အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ Icon ကို Left click ပေးလိုက်ပါ။ ပြီရင် Edit Signature ကို click လိုက်ပါ။



4. Edit Signature ကို click လိုက်ရင် အောက်ပါအတိုင်း ကျလာပါမည်။ HTML ကို click လိုက်ပါ။ ပြီရင် မိမိတို့ နံမည်နဲ့ Signature Site မှာ ပြုလုပ်ခဲ့တဲ့ Link ကို အောက်ပါအတိုင်း အနီရောင်နဲ့ပြသထားတဲ့နေရာမှာ အစားထိုးပြီ Apply ကို click ပြီ Ok ကိုနိုပ်လိုက်ရုံပါဘဲ။ ဒါဆိုရင် မေးတစ်စောင်ပို့တာနဲ့ မိမိတို့ Sign လှလှလေးတွေ ပါတော့မှာဖြစ်ပါတယ်။ ( Sign လုပ်နည်းကို အောက်က Step#2 မှာ မလုပ်တက်တဲ့ သူငယ်ချင်းများအတွက် တင်ပြပေးလိုက်ပါတယ်။)

<img src="http://signatures.mylivesignature.com/54487/253/82B553661C1AB44D62D93B9B95F4E706.png" border="0" alt="Image and video hosting by TinyPic">





Step#2

Sign လှလှလေးတွေ ရနိုင်တဲ့နေရာနဲ့ လုပ်တဲ့နည်းကိုပါ တခါတည်းတင်ပြပေးလိုက်ပါတယ်။ Blogger သမားတွေတော့ သိကျပါတယ်။ ကျွန်တော်က မသိတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်။(အသေးစိတ် တင်ပြပေးပါမည်။)
1. http://mylivesignature.com/ အရင်းသွားလိုက်ပါ။ အောက်ပါအတိုင်းကျလာလျင် Click Here To Start ကို click ပေးလိုက်ပါ။



2. ပြီရင် Using the signature creation wizard ကို click လိုက်ပါ။ (ကျန်တာတွေလဲ အသုံးပြုလို့ရပါတယ်။ ကျွန်တော်ကတော့ အပေါ်ဆုံးကနည်းကိုဘဲ အသုံးပြုပါတယ်။)



3. အောက်မှာ တွေ့ရတိုင်းအတိုင်း Name မှာ မိမိပေါ်စေချင်တဲ့ Sign အတွက် Name ကိုရေးလိုက်ပါ။ ကျွန်တော်က Yar Zar ကို ရိုက်လိုက်ပါတယ်။ ပြီရင် Next Step ကို click လိုက်ပါ။



4. အောက်ပါအတိုင်းတွေ့ရတဲ့ပုံမှာ မိမိစိတ်ကြိုက် စတိုင်းလ် (Style) ကို ရွေးချယ်လိုက်ပါ။ ကျွန်တော်ဝိုင်းထားတဲ့နေရာမှာ စိတ်ကြိုက် ရွေးချယ်နိုင်ပါသေးတယ်။ ပုံစံ ၁၂၀ အထိရှိပါတယ်။ ပြီရင် Font အရွယ်အလိုက် လိုသလိုရွေးချယ်လိုက်ပါ။ ကျွန်တော်ကတော့ Font#7 ကိုဘဲ ရွေးလိုက်ပါတယ်။ပြီရင် Next Step ကို click လိုက်ပါ။



5. ဒီအဆင့်ကလဲ အောက်ပါအတိုင်း Select Size ကို ထပ်ရွေးချယ်လိုက်ပါ။ ဒီအဆင့်ကိုတော့ ပုံမတင်ပြတော့ပါဘူး။
6. ဒီအဆင့်ကတော့ မိမိတို့ Sign ကိုစိတ်ကြိုက် အရောင် (color ) တွေကို ရွေးချယ်ရမည့်အဆင့် ဖြစ်ပါတယ်။ ကျွန်တော်အနီရောင်နဲ့ဝိုင်းထားတဲ့နေရာမှာ Right Click ထောက်လိုက်တာနဲ့ color ကျလာပါမည်။ လိုချင်တဲ့အရောင်လေးတွေကို click လိုက်ပြီ Next Step ကို click လိုက်ပါ။



7. ဒီအဆင့်ကတော့ ကျွန်တော်တို့ ပုံမတင်ပြတော့ပါဘူး။ Slope စတိုင်းလ်တွေကို ရွေးချယ်လိုက်ပါ။ ပြီရင် Next Step ကို click လိုက်ပါ။
8. အောက်ပါအတိုင်းကျလာရင် What to download this signature? ကို click လိုက်ပါ။



9. အောက်ပါအတိုင်းထပ်ကျလာပါမည်။ ကျွန်တော်လုပ်ခဲ့တဲ့ Signature ရဲ့ url ကိုတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒါလေးကို copy လုပ်လိုက်ပါ။



10. ကျွန်တော်တို့ copy လုပ်ခဲ့တဲ့ url ကိုအောက်ပါအတိုင်း အနီရောင်နဲ့ ပြသထားတဲ့နေရာမှာ အစားထိုးပြီ ကျွန်တော်တို့ Step#1 က နံပတ် (၄)အတိုင်းမေးလ်မှာ လုပ်ဆောင်လိုက်ပါ။ ဒါဆိုရင် အားလုံးပြီသွားပါပြီ။

Firefox Backup ပြုလုပ်နည်း

ကျွန်တော် ကွန်ပျူတာမှာ Bookmarks လုပ်နည်းကို တင်ပြခဲ့ပြီဖြစ်ပါတယ်။ ဒါပေးမဲ့ ကျွန်တော် မိမိမှတ်ထားတဲ့ bookmarks ကို ဘယ်လို သိမ်းရမယ်ဆိုတာကို ကျွန်တော် မတင်ပြရသေးပါဘူး ။ အခုနည်းလေးကတော့ window အတင်အချ လုပ်တာများနေရင် ဒီနည်းလေးက အသုံးဝင်လေးဖြစ်ပါတယ်။ ဒါကြောင့် window တစ်ခါချတိုင်း မိမိ ဖတ်နေကျ ဆိုဒ်တွေကို mail တွေထဲမှာ Draft ဆွဲထည့်ရတယ်။ word တွေထဲမှာ သိမ်းရတယ်။ ပြန်ဖွင့်ချင်ရင် တစ်ခုချင် ပြန်ဖွင့်ပြီ Bookmaeks မှာပြန်မှတ်ရတာ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလဲ ဒါကြောင့် အဲဒီလို စိတ်မပျက်ရအောင် ကျွန်တော် FireFox ကို ဘယ်လို Import နှင့် Export ကို လုပ်တာလဲဆိုတာကို တင်ပြမှာဖြစ်ပါတယ်။


Exporting Bookmarks From Firefox

Step#1

1. အရင်းကျွန်တော်တို့ Run ( Winkeys +R) ကို ဖွင့်ပြီ Notepad ကို ဖွင့်လိုက်ပါ။
2. Notepad မှ File ကို click လိုက်ပါ။ ပြီရင် Save as ကို click လိုက်ပါ။ ပြီရင် Bookmarks.Html လို့ ရေးပြီ Desktop ပေါ်မှာ save လိုက်ပါ။
Step#2
1. အထပ်ပါအဆင့်ပြီရင် Firefox မှ Bookmarks ကို click လိုက်ပါ။ ပြီရင် အောက်မှာ တွေ့ရတဲ့အတိုင်း Organize Bookmarks ကို click လိုက်ပါ။



2. အောက်ပါအတိုင်း တွေ့ရတဲ့ အတိုင်း Import and Backup ဆိုတာကို click လိုက်ရင် ကျလာတဲ့ Box မှာ Export Html ကို click လိုက်ပါ။



3. အောက်ပါအတိုင်း Export Bookmarks File ဆိုတဲ့ box တစ်ခု ထပ်ကျလာပါမည်။ မိမိတို့ အရင် တည်ဆောက်ခဲ့တဲ့ Bookmarks.html ဆိုတာကို ရှာလိုက်ပါ ပြီရင် click လိုက်ပါ။ Filename မှာ Bookmarls.html ရောက်နေတာကို တွေ့ရမှာပါ။ ပြီရင် Save လုပ်လိုက်ပါ။ ဒါကတော့ ကျွန်တော်တို့ မိမိတို့ Export လုပ်တာဖြစ်ပါတယ်။ တနည်းအားဖြင့် Backup လုပ်တာဘဲဖြစ်ပါတယ်။



Importing Bookmarks Into Firefox

ကျွန်တော်တို့ ကွန်ပျူတာကို window ချပြီလို့ ပြန်တင်တဲ့အခါ Firefox ပြန် Run ပြီတာနဲ့ ကျွန်တော်တို့ window မချခင်က Exporting လုပ်ခဲ့တဲ့ Bookmark ကို ပြန်လည် Importing လုပ်တာဖြစ်ပါတယ်။ အဲဒီင်္လို လုပ်ခဲ့တော့ မိမိတို့ ဖတ်နေကျ ဆိုဒ်တွေကို အလွယ်တစ်ကူနဲ့ Bookmark မှာ ပြန်လည် မှတ်သားထားနိုင်ပါတယ်။ ဆိုဒ်တွေကို တစ်ခုချင်စီ ပြန်တင်မနေရတော့ စိတ်မညစ်ရတော့ဘူး။

Step#1

1. မိမိတို့ Bookmarks မှ Organize Bookmarks ကို click ပြီ Import Html ကို click လိုက်ပါ။



2. Import Html ကို click လိုက်ရင် အောက်ပါအတိုင်း Import Wizard Box တစ်ခု ထပ်ကျလာပါမည်။ From an HTML File မှာ အမှန်ခြစ် ပေးပြီ Next ကို click လိုက်ပါ။



3. Import Bookmarks File ဆိုတဲ့ Box တစ်ခုကျလာပါမည်။ မိမိတို့ Export လုပ်ခဲ့တဲ့ Bookmarks.html ကို ရွေးပြီ Open ကို click လိုက်ရင် မိမိတို့ Bookmarks မှာ မိမိတို့ window မချခင်က မှတ်ခဲ့တဲ့ Bookmark အတိုင်းတွေ့ရမှာပါ။ ပြီပါပြီ။

Firefox မှာ Bookmarks ကို အသုံးချနည်း

ကျွန်တော် အခု တင်ပြမှာကတော့ ကျွန်တော်တို့ Firefox Browser မှာ မိမိတို့ သုံးနေကျ site တွေကို Bookmark လုပ်ပြီ မှတ်သားလို့ ရတဲ့နည်းဖြစ်ပါတယ်. သိတဲ့လူလဲသိပါတယ် မသိတဲ့ သူငယ်ချင်းများအတွက် ကျွန်တော်တင်ပြတာဖြစ်ပါတယ်။ (Internet Explorer မှာ မှတ်နည်းကို သီးခြား တင်ပြပါမည်)
လုပ်နည်း
Firefox Browser
1. မိမိတို့ Firefox browser မှ Bookmarks ကို click လိုက်ပါ။ ကျလာတဲ့ Box မှ Bookmarks This Page (Ctrl+D) ကို click လိုက်ပါ။ အောက်က ပုံကိုကြည့်ပါ။



2. Bookmarks This Page ကို click လိုက်ရင် အောက်ပါအတိုင်း Box တစ်ခုထပ်ကျလာပါမည်။ မိမိတို့က Site တွေကို ကျွန်တော်တို့အစီအစဉ်တကျ မှတ်တဲ့နည်းကိုဘဲ တင်ပြမှာဖြစ်ပါတယ်။ ဒီအတိုင်း Done ကို click လိုက်ရင် လည် ရပေးမဲ့ စနစ်မကျပါဘူး။ ကျွန်တော်က ဘယ်လိုလုပ်မှ စနစ်ကျမှာလဲလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ် ။ ကျွန်တော်က သီချင်းဆို သီချင်းအတွက် Folder တစ်ခု နည်းပညာအတွက် ဆိုဒ်ဆို နည်းပညာအတွက် Folder တစ်ခု စတဲစတဲ့ အတိုင်း Folder လေးကို Rename ပေးပြီ မှတ်လိုက်တော့ ကိုယ်က သီချင်းဖွင့်ပြီ နားထောင်တာတို့ Download ချတာတို့ လုပ်တဲ့အခါ အလွယ်တကူး သီချင်း Link တွေ ရှိတဲ့ Bookmarks ထဲက သီချင်း Folder ကို click လိုက်ရင် သီချင်းတွေဘဲရှိတဲ့ Site ကို ဘဲ တွေ့မြင်ရမှာပါ။ တစ်ခုချင်ဆီကို click ပြီ ကိုဖွင့်ချင်တဲ့ site ကို ဖွင့်ပေါ့ အကုန်လုံးကိုတစ်ခါတည် ဖွင့်ချင်ရင်လဲ Open All in tabs ကို ဖွင့်လိုက်ရင် ဆိုဒ် အားလုံး ပွင့်သွားမှာပါ။ ရှင်းပြနေတာနဲ့ အတော် လေကြောရှည်သွားပြီ။



3. ကျွန်တော်အပေါ်က ပုံမှာ ၀ိုင်းထားတဲ့ Folder အကွက်ရဲ့ ညာဘက်က Drown Arrow Key လေကို click လိုက်ရင် အောက်ပါအတိုင်း Box တစ်ခု ကျလာပါမည်. Folder ကို click လိုက်ရင် ကိုယ်မှတ်ချင်တဲ့ Rename ပေးဖို့ အပြာရောင် Hightlight ပြနေပါမည်။ ကိုမှတ်ချင်တဲ့ Rename ပေးပြီ Done ကို click လိုက်ပါ။ အဲဒီလိုဘဲ မိမိတို့ Site အမျိုးအစားတွေအလိုက် rename ပေးပြီ မှတ်သားထားနိုင်ပါတယ်။ နောက်အမျိုးအစားတူတဲ့ ဆိုဒ်တွေကို ထည့်မယ်ဆိုရင်လဲ မိမိတို့ မှတ်ထားတဲ့ Folder ကို select ပေးပြီ Done ကို click လိုက်ရင် အဆင်ပြေပါတယ်။



4. ကျွန်တော်မှတ်ထားတဲ့ ပုံစံကိုကြည့်လိုက်ပါ။ မြင်သာအောင်လို့ပါ။

Gtalk shortcut key လေးတွေပါ

CTRL + Mousewheel up/down: Chat Box အတွင်းရှိ Font size ကို ပြောင်းလဲလိုလျှင်အသုံးပြုနိုင်သည်။ chat ပြောနေရင်းနဲ့ Call ခေါ်ချင်ရင် F11 နှိပ်ပါ။ မိမိနဲ့chat နေတဲ့သူရဲ့မေးလ်ကိုဖွင့်ချင်ရင် F9 ကိုနှိပ်ပါ။
• Call ပြန်ပိတ်ဖို့ F12 ကို နှိပ်ပါ။
• Chat ပြောတာကနေ ထွက်ဖို့ Esc ကို နှိပ်ပါ။Chat window တွေကို minimize လုပ်ဖို့ Alt+Esc နှိပ်ပါ။
• ပြောနေတဲ့ Chat box တွေကို တစ်လှည့်စီ ပြောင်းဖို့ TAB ကို သုံးပါ။
• Gtalk မှာ ရိုက်နိုင်တဲ့ စာလုံးအရေအတွက် 32767 လုံးအထိရိုက်နိုင်ပါသည်။
• စာလုံးတွေကို bold အနေနဲ့ ပေါ်ချင်ရင် * ခံပြီး ရိုက်ပါ။ ဥပမာ. *great* လို့ ရိုက်ရင် great လို့ ပေါ်ပါလိမ့်မယ်။




• Italic လုပ်ဖို့အတွက်တော့ _ နှစ်ခု ခံရိုက်ပါ။ဥပမာ။ ။ ¬_great_ ဆိုရင် great လို့ပေါ်လာပါလိမ့်မည်။
• Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်နိုင်ပါတယ်။
• Gtalk မှာ အောက်မှာပြထားတဲ့ အတိုင်း ပုံလေးတွေ ရိုက်ထည့်ချင်ရင် ဒီ shortcut key လေးတွေ သုံးပါ
• ☺ လေး ပေါ်ချင်ရင် Alt+1
• ☻ လေးပေါ်ချင်ရင် Alt+2
• ♥ လေးပေါ်ချင်ရင် Alt+3
• ♦ လေးပေါ်ချင်ရင် Alt+4
• ♣ လေးပေါ်ချင်ရင် Alt+5
• ♠ လေးပေါ်ချင်ရင် Alt+6
• • လေးပေါ်ချင်ရင် Alt+7
• ◘ လေးပေါ်ချင်ရင် Alt+8
• ○ လေးပေါ်ချင်ရင် Alt+9 ကိုနှိပ်ပါ ။
• မှတ်ချက် (ကီးဘုတ် က အင်္ဂလိပ်ဖောင့် ကိုချိန်းထားမှပေါ်မှာပါ ..မြန်မာစာရိုက်နေရင်းတော့ပေါ်မှာမဟုတ်ပါဘူး ..နောက်ပြီးတော့ 1.2.3.4.5.6.7.8.9 တွေကကီးဘုတ်ညာဘက်ခြမ်းမှာရှိတဲ့ numberkey တွေနဲ့မှပေါ်မှာပါ).. ပုံကိုကြည့်ပါ။

Admin Accounts

Window 7 သုံးတဲ့အခါ Regular account ကိုပဲ အများအားဖြင့်သုံးလေ့ရှိပါတယ်။ Admin account ကိုတော့ Window က auto hide ထားလေ့ရှိပါတယ်။ ဒါကြောင့် လိုအပ်တဲ့အခါ Admin account ကို ခေါ်ယူသုံးနိုင်ဖို့ ဖော်ထားချင်တဲ့အခါ ဖော်ရမယ့်နည်းလေးကို တင်ပြလိုက်ပါတယ်။ ဒါကတော့ regular account ကနေ admin account ဖော်တဲ့နည်းလေးပါ။

လုပ်နည်း
1. Win+R ကနေ cmd လို့ရိုက်ပီး Ctrl+Shift+Enter ဒါမှမဟုတ် Right Click ထောက်ပြီး run as Adminstrator အနေနှင့် run လိုက်ပါ။

 2. ပွင့်လာတဲ့ Command prompt မှာ net user administrator /active:yes လို့အတိအကျရိုက် ပြီး Enter ခေါက်လိုက်ပါ။

 3. Log out လုပ်ပြီး ပြန်ဝင်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ Built in ပါပြီးသား Admin account လေးထွက်လာပါလိမ့်မယ်။ 


အထက်မှာဖော်ပြခဲ့တာကတော့ regular account ကနေ admin ကိုဖော်တဲ့နည်းပါ။ ပြန်ဖျောက်ထားချင်တယ် ဆိုရင်တော့ အဆင့် (၂) ရောက်ရင် net user administrator /active:no လို့အတိအကျရိုက်ပြီး Enter နှိပ်လိုက်ပါ။ Log out လုပ်ပြီး ပြန်ဝင်ကြည့်လိုက်ပါ။ မူအတိုင်းပြန်ဖြစ်သွားပါ လိမ့်မည်။

Accounts များကို Auto Login လုပ်နည်း
အခုဆက်လက်ဖော်ပြချင်တာကတော့ စက်ဖွင့်လိုက်တဲ့အခါ password ခံထားသည်ပဲဖြစ်စေ ဒါမှမဟုတ် မခံထားသည်ပဲဖြစ်စေ window logon ဆိုတာကြီးကို တွေ့နေရတဲ့အခါ အလိုလျောက် auto logon ဖြစ်အောင်လုပ်တဲ့ နည်းလမ်းလေးပါ။ သိပြီးသား သူများအတွက်ကတော့ မလိုပါဘူး။ လိုအပ်မယ်ထင်တဲ့ သူငယ်ချင်းများအတွက် လိုသလိုအသုံးပြူနိုင်ဖို့ပါ။

လုပ်နည်း
1. Start ကနေ netplwiz လို့ရိုက်ပြီး enter ခေါက်လိုက်ပါ။

 2. User Accounts ဆိုတဲ့ Box လေးကျလာပါလိမ့်မယ်။ ကျလာတဲ့ Box လေးထဲမှာ မိမိ auto login လုပ်ချင်တဲ့ အကောင့်ကိုရွေးပေး ရပါမယ်။ ကျတော်ကတော့ Admin account ကိုလုပ်မှာဖြစ်တဲ့အတွက် သူ့ကိုရွေးပြထားပါတယ်။ 

 
3. Box ထဲကမှ Users must enter a user name and password to use this computer ဆိုတဲ့နေရာလေးကို အမှန်ခြစ်လေး ဖြူတ်ပေးလိုက်ပါ။

4. Apply >> OK ဆိုရင် ရပါပြီ။

စာကြွင်း။ ။ အထက်မှာဖော်ပြခဲ့တဲ့ နည်းလေးတွေကတော့ တော်တော်များများ သိပြီးသားဖြစ်ကြမှာပါ။ သို့သော် မသိသေးတဲ့ အခြေခံ သူငယ်ချင်းများအတွက် ဆေးတစ်ခွက်ဖြစ်မယ်ဆိုရင်ဖြင့်..... :P