Firefox က ပုံမှန် အားဖြင့် web page တွေ အတွက် cache ကို hard disk ထဲမှာ ပဲ ထားပြီး ဆွဲယူပြသ တာပါ။ Hard Disk ထက်စာရင် Memory ထဲက ဆွဲ ပြရင် ပိုမြန် နိုင်ပါတယ်။ Firefox ကို အဲဒီလို လုပ်ဖို့ စေခိုင်း နိုင်ပါတယ်။

ကျွန်တော်တော့ နံပါတ် ၃ ကို false မလုပ်ပဲ ဒီတိုင်း ထားလိုက်တယ်။ Disk Cache ရော Memory ရော သုံးမယ် ထင်လို့လေ။ တကယ်လို့ memory အများကြီး စိုက်ထားတယ် ဆိုရင် နံပါတ် ၃ ကို ရေးထားတဲ့ အတိုင်း false လုပ်ပြီး သုံးရင် ပိုထိ ရောက်မယ် ထင်ပါတယ်။
စမ်းကြည့်တာတော့ သိသိသာသာ ကြီးမဟုတ် ပေမဲ့ loading time တော့ မြန်သွားတယ် ဗျ။
- ၁. ပထမဦးဆုံး location bar မှာ about:config လို့ရိုက်ပါ။
- ၂. နောက်ရောက်သွားတဲ့ နေရာမှာ filter field ထဲကို browser.cache လို့ရိုက်ပါ။
- ၃. browser.cache.disk.enable ကို double click လုပ်ပြီး false လုပ်ပါ။
- ၄. browser.cache.memory.enable ကို double click လုပ်ပြီး true လုပ်ပါ။
- ၅. နောက် right click > new > Integer ယူပြီး အထဲမှာ browser.cache.memory.capacity လို့ရိုက်ထည့် ၊ OK နှိပ်ပါ။
- ၆. ထပ်ပေါ်လာတဲ့ box ထဲမှာ 100000 လို့ ရိုက်ထည့်ပါ။ (အဲဒါ က 100 Mega Byte နဲ့ ညီမျှ ပါတယ်) ။ ပြီးရင် OK နှိပ်ပါ။
- ၇. ဒါပြီးရင်တော့ firefox ရဲ့ tab တွေ အားလုံး ကို ပိတ်၊ browser ကို restart လုပ်လိုက်ရင် ရပါပြီ။

ကျွန်တော်တော့ နံပါတ် ၃ ကို false မလုပ်ပဲ ဒီတိုင်း ထားလိုက်တယ်။ Disk Cache ရော Memory ရော သုံးမယ် ထင်လို့လေ။ တကယ်လို့ memory အများကြီး စိုက်ထားတယ် ဆိုရင် နံပါတ် ၃ ကို ရေးထားတဲ့ အတိုင်း false လုပ်ပြီး သုံးရင် ပိုထိ ရောက်မယ် ထင်ပါတယ်။
စမ်းကြည့်တာတော့ သိသိသာသာ ကြီးမဟုတ် ပေမဲ့ loading time တော့ မြန်သွားတယ် ဗျ။
No comments:
Post a Comment