Tuesday 29 November 2011

Computer Window တက်တာနဲ့ သီချင်းသံကြားနေစေချင်ရင်

computer လေးစဖွင့်တာနဲ့ သီးချင်းလေးနားထောင်ပြီး အလုပ်လုပ်တတ်တယ်ဆိုရင် အကြံပေးပါရစေဗျာ လုပ်လို့ရတဲ့နည်းကတော့ အများကြီးရှိမှာပါ ။
လုပ်မယ့်နည်းလေးကတော့ jetaudio ကို ဖွင့်မယ်
ပြီးရင် Ctrl + T or PLAYLIST ကို click လုပ်ပါမယ်။ jetAudio Playlist box ပေါ်လာပါမည်။
Playlist ထဲကိုမိမိကြိုက်တဲ့ သီချင်းလေးတွေ ရွေးထဲ့မယ်ဗျာ…….အမြဲတမ်း နားထောင်တတ်တဲ့သီးချင်းလေးတွေပေါ့။
ရွေးပြီးသွားရင် playlist ပေါ်မှာ right click နှိပ်လိုက်ပါ ။ Export ကို click နှိပ်ပါ
file ကိုပြန်ရှာရလွယ်အောင် save in မှာ Desktop ကိုရွေးပါမယ်။ (အခြားမိမိ အဆင်ပြေတဲ့ နေရာ
တွေမှာလည်း ရွေးနိုင်ပါတယ်နော်) File name ကိုမိမိ ကြိုက်နက်သက်ရာပေးမယ်.. save ကို click နှိပ်မယ်။
ဒါဆိုရင် Desktop ပေါ်မှာ မိမိ ပေးလိုက်တဲ့
file name နဲ့ တွေပါလိမ့်မယ်….. အဲဒီ file ကို copy ကူးပါ။
start —> All Program –>Startup ကို right click —> open နှိပ်ပါ
ပေါ်လာသော startup folder ထဲသို့ ခုနက file ကို past ပေးလိုက်ပါ ။
ဒါဆိုရင် computer ဖွင့်လိုက်တာနဲ့
သီချင်းက ဖွင့်စရာ မလိုတော့ပါဘူး …တန်းပြီးတော့ လာပါလိမ့်မယ်။ အားလုံးဆင်ပြေပါစေဗျာ…. မှားတာလေးများရှိရင် ၀ိုင်းဝန်ပြင်ဆင်ပေးကြပါလို့
တောင်းဆိုချင်ပါတယ်…. media player တိုင်းမှာ လုပ်နိုင်ပါတယ်ဗျာ…..အဆင်ပြေပါစေဗျာ………. ။

No comments:

Post a Comment