Sunday, 30 October 2011

Rom ထပ်မစိုက်ပဲ memory တိုးချင်ရင်

Ram ထပ်မစိုက်ပဲ memory တိုးချင်ရင်

မိမိမှာ ရှိတဲ့ RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင် နည်းတစ်ခုပြောပြပါ့မယ်။ Hacking နည်းလမ်း တစ်ခုဖြစ်တဲ့ အတွက် အရမ်းတော့ save မဖြစ်ပါဘူး။ CPU ကို over clock တင်သလိုပါပဲ ။ software လိုင်စင်တွေရဲ့ စကားတိုင်းပြောရရင်တော့ သင့်ရဲ့ ကိုယ်ပိုင် စွန့်စားမှုသာဖြစ်ပါတယ် ။ :P

My Computer ကို R-Click လုပ်ပြီး properties ကိုသွားပါတယ်။ ပေါ်လာတဲ့ system properties က Advanced ကို click ပါတယ်။ Performance က Settings ကို click ပါတယ်။

Image Hosting by Picoodle.com


Performance Options မှ Advanced ကိုရွေးပြီး Programs နှစ်ခုကို check ပေး Virtual memory က Change ကို click ပါတယ် ။

Image Hosting by Picoodle.com

အောက်ပါအတိုင်း Virtual memory ပေါ်လာပါမယ်။ Initial size နဲ့ Maximum size က တန်ဖိုးနှစ်ခုကို ရေးမှတ်ထားလိုက်ပါ ။ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ ရင် Default လုပ်နိုင်အောင်ပါ။

Image Hosting by Picoodle.com

Virtual Memory ဆိုသည်မှာ RAM က Hard disk memory ကို ငှားသုံး ခြင်းဖြစ်ပါတယ် ။ (ဥပမာ - Default Initial size = 1500 Mb(nearly 1.5Gb) , Hard Disk free space = 5 Gb ရှိတယ် ဆိုကြပါစို့ Initial size ကို 2000 Mb ( 2Gb ) တင်လိုက်ပါက Hard disk free space သည် 4.5 Gb ဖြစ်သွား ပါလိမ့်မယ် ။ ( မည်သို့ပင် memory transfer လုပ်နိုင်သည် ဖြစ်စေ System Memory က ပဲ တစ်ကယ် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ) ကျနော့်မှာ Initial 1500 ရှိပြီးသား ဖြစ်လို့ 2000 လို့ပေးပြီး၊ Maximum ကို 3500 ပေးလိုက်ပါတယ် ။ ပြီးရင် Set ကို နိုပ်ပါတယ် ။

Image Hosting by Picoodle.com

ပြီးရင်တော့ OK ပေါ့ ။ Restart တောင်းလာပါလိမ့်မယ် ။ window ပြန်တက်လာ ရင်တော့ ခင်ဗျားစက် အရင်ထက်ပိုမြန် နေတာ တွေ့ရပါလိမ့်မယ် ။ CPU ရဲ့လုပ်ဆောင်နိုင်ရည်ကို ကြည့်ပြီး တင်သင့်ပါတယ်။ Memory များရင် စက်မြန်တယ် ဆိုပြီး memory အများကြီး စိုက်ပြီး CPU မလိုက်နိုင်လို့ ပိုလေး သွားတဲ့ စက်တွေ တွေ့ဘူးပါတယ်။ အားလုံး အဆင်ပြေကြပါစေ ။

gtalk အကြောင်း..

မင်္ဂလာပါဗျာ နည်းလမ်လေးတစ်ခု တွေ့လာလို့ ပါ

G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲဆိုတာရယ်နောက် location ကို

ညာပြောထားတာလား အမှန်ပြောတာလားဆိုတာကို ဖမ်းရအောင်ဗျာ..

 

ကဲစပြီးစမ်းကြည့်ရအောင်

ပထမဆုံးကတော့ မိမိရဲ့ မေးလ်ထဲကို ၀င်လိုက်ပါ..

ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးလ်ကို ဖွင့်လိုက်ပါ

ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ

show original ကိုဆက်လက် click ပါ

Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ



Received by ဆိုတဲ့နောက်က တော့ သူ့ရဲ့ IP address ပေါ့

သူ့ရဲ့ location ကိုသိချင်ရင်တော့ http://www.whatismyipaddress.com မှာ


သူ့ရဲ့ IP addressကိုထည့်ပြီးရှာကြည့်ရင်တော့သူဘယ်နိုင်ငံကလည်းဆိုတာကို

မိတ်ဆွေတို့ သိရပြီပေါ့ဗျာ

အဆင်ပြေကြပါစေ

Gtalk ကို တစ်ခုထက် ပိုသုံးကြမယ်

gtalk ကို တစ်ခုထက် ပိုသုံးရမယ့် အခြေအနေမျိုး ကြုံတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ခုထက်ပိုသုံးချင်ရင် ဒီလိုလေးလုပ်ထားလိုက်ပါ။


ဂျီတောအိုင်ကွန်လေးကို Right Click လုပ်ပြီး Properties
ဝင်လိုက်ပါ..ပြီးရင်နောက်ဆုံးကstartmanu ဆိုတဲ့စာသားလေးကို
ဖျက်လိုက်ပြီးအဲဒီနေရာမှာ nomutex လို့ထည့်ပေးပြီးEnterခေါက်လိုက်
ယုံပါပဲခင်ဗျာ. ပြီးရင်တော့သင်ကျေနပ်နေပါလိမ့်မယ်ဗျာ
အဆင်ပြေကြပါစေ