Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Friday, 8 June 2012

Notepad ကို save လို့မြန်မာလိုမပေါ်ရင်



ဒီပို့စ်လေးကိုတော့ မသိသေးတဲ့ သူများအတွက်သာ ရည်ရွယ်ပါတယ် .. လုပ်တက်သွားရင်တော့ လွယ်တယ်လို့ ထင်ရပေမယ့် မသိသေးရင်တော့ တော်တော် ရွာပတ်ပါတယ် .. ဘာပဲပြောပြော ဒီကောင်လေးကို လိုအပ်ပါတယ် .. ကျွန်တော်တို့ မှတ်ထားချင်တာလေး တွေကို အလွယ်ရေးပြီး မှတ်ချင်တဲ့ အခါမှာ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့် ပြီးရင် Run Box ထဲမှာ notepad လို့ရိုက်ထည့်ပြီး ပေါ်လာတဲ့ Notepad ထဲမှာ အလွယ်တကူ မှတ်သား တက်ကြပါတယ် .. ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့  Notepad မှာ Zawgyi-One Font ကိုမပြောင်း ပေးဘူးဆိုရင်လည်း မြန်မာလို ပေါ်မှာမဟုတ်သလို Saveတဲ့အခါမှာလည်း Unicode ကိုပြောင်းပြီး မ Save ဘူးဆိုရင်လည်း Save တဲ့အခါမှာ မြန်မာလို ပေါ်မှာ မဟုတ်ပါဘူး .. ဒါကြောင့်Notepad ကိုအသုံးပြု တဲ့အခါမှာ အခက်အခဲ ဖြစ်နေသူတွေ အတွက် ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် .. 

အရင်ဆုံး Keyboard မှ  Windows logo +  R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ Notepad လို့ရိုက်ထည့်ပြီး  Enter  ခေါက်လိုက်ပါ .. ဒါဆို  Notepad လေးပွင့်လာ ပါလိမ့်မယ် .. အရင်ဆုံး ကျွန်တော် မြန်မာလို ရိုက်လို့ရအောင် ဖောင့်ဘယ်လို ချိန်းရမယ် ဆိုတာကို ပြပေးသွားပါမယ် ..




အပေါ်က အတိုင်း ပြောင်းပြီး သွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Notepad လေးကို  Save လိုက်ပါ .. အောက်က ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ် ..



အောက်က ပုံအတိုင်း  Unicode ကိုပြောင်းပေးလိုက်ပါ ..

Unicode  ကိုပြောင်းပြီး သွားပြီ ဆိုရင်တော့ Save လိုက်ယုံပါပဲ .. 



ပြီးရင်တော့ မိမိတို့  Save လိုက်တဲ့  Notepad လေးကို ပြန်ဖွင့်ကြည့်လိုက်ပါ .. မြန်မာဖောင့် ပေါ်နေတာကို တွေ့ ရပါလိမ့်မယ် ..

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Wednesday, 6 June 2012

ကွန်ပြူတာမြန်နှုံန်းမြင့်နည်း ၇ မျိုး


၁။ သင့် ကွန်ပြူတာ ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ

RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက် ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။

၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ

သင့် ကွန်ပြူတာ ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာ အသုံးပြုမှုအချိန်ပမာဏ ပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။

အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့ စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ် စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာ ခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။

၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ

တချို့ ကွန်ပြူတာ တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။

သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။

အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။

၎။ သင့် ကွန်ပြူတာ ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ

သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်း ဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာ တွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။

Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။

တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။

၅။ Search Indexing ကိုပိတ်ထားပါ

Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။

စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ

Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။

အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။

စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်ခံပါတယ်။

၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ

သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။

သင့် ကွန်ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့ စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

Source by :http://ayarnyinaung.blogspot.com/

Tuesday, 29 November 2011

Internet Connection မြန်လာအောင်

သူငယ်ချင်များ  အဆင်ပြေစေဖို့ ထပ်ဆင့်ဝေငှ လိုက်တယ်နော်......
စကြတာပေါ့ဗျာ ။ ပထမဆုံး ...
Run box လေးမှာ ဒါလေး ရိုက်ထည့်ထားလိုက်ပါဗျာ ။gpedit.msc  ။ ခဏလေးစောင့်လိုက်ပါဗျာ ။ ပြီးရင်
Folder တစ်ခုတက်လာပါလိမ့်မယ် ။ ပေါ်လာရင်တော့ အောက်ပါအလိုက်တိုင်းပဲ အစဉ်တိုင်းပဲသွားလိုက်ပါဗျာ ။
LocalComputerPolicy-->ComputerConfiguration-->AdministrativeTemplates-->Network-->QOS Packet Scheduler-->Limit Reservable Bandwidth အဲဒီအဆုံးမှာ LImit ကို နှစ်ချက်တိုက်လောက် လင့်ပေးလိုက်ရင် Box (Folder)တစ်ခုတက်လာပါလိမ့်မယ် ။ အဲဒီမှာ Enabled, Bandwidth limit (20) အသီးသီးရွေးပေးလိုက်ပါ ။ ဒါက တစ်နည်းပြီးသွားပြီ ။ 
ပုံတွေနဲ့ပြလိုက်ပါတယ်...Run Box ကိုတော့ Window +R ကိုပူးတွဲနှိပ့်ပြီးခေါ်နိုင်ပါတယ်..အဆင်ပြေပါစေ
 
ကဲ နောက်တစ်နည်းကတော့ လွယ်ပါတယ် ။ Task bar က အင်တာနက် Connected  to က VPN ကို Right cleck နဲ့ တစ်ချက်လင့်လိုက်ပါ ။ အဲဒီမှာ Properties >>>Configure>>>Hardware featrues မှာ အစက်တွေကို ဖြုတ်ပေးလိုက်ပါ ။ အိုခေ လိုက်ပေါ့ ။ 
 

ကဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ် ။

Computer Window တက်တာနဲ့ သီချင်းသံကြားနေစေချင်ရင်

computer လေးစဖွင့်တာနဲ့ သီးချင်းလေးနားထောင်ပြီး အလုပ်လုပ်တတ်တယ်ဆိုရင် အကြံပေးပါရစေဗျာ လုပ်လို့ရတဲ့နည်းကတော့ အများကြီးရှိမှာပါ ။
လုပ်မယ့်နည်းလေးကတော့ jetaudio ကို ဖွင့်မယ်
ပြီးရင် Ctrl + T or PLAYLIST ကို click လုပ်ပါမယ်။ jetAudio Playlist box ပေါ်လာပါမည်။
Playlist ထဲကိုမိမိကြိုက်တဲ့ သီချင်းလေးတွေ ရွေးထဲ့မယ်ဗျာ…….အမြဲတမ်း နားထောင်တတ်တဲ့သီးချင်းလေးတွေပေါ့။
ရွေးပြီးသွားရင် playlist ပေါ်မှာ right click နှိပ်လိုက်ပါ ။ Export ကို click နှိပ်ပါ
file ကိုပြန်ရှာရလွယ်အောင် save in မှာ Desktop ကိုရွေးပါမယ်။ (အခြားမိမိ အဆင်ပြေတဲ့ နေရာ
တွေမှာလည်း ရွေးနိုင်ပါတယ်နော်) File name ကိုမိမိ ကြိုက်နက်သက်ရာပေးမယ်.. save ကို click နှိပ်မယ်။
ဒါဆိုရင် Desktop ပေါ်မှာ မိမိ ပေးလိုက်တဲ့
file name နဲ့ တွေပါလိမ့်မယ်….. အဲဒီ file ကို copy ကူးပါ။
start —> All Program –>Startup ကို right click —> open နှိပ်ပါ
ပေါ်လာသော startup folder ထဲသို့ ခုနက file ကို past ပေးလိုက်ပါ ။
ဒါဆိုရင် computer ဖွင့်လိုက်တာနဲ့
သီချင်းက ဖွင့်စရာ မလိုတော့ပါဘူး …တန်းပြီးတော့ လာပါလိမ့်မယ်။ အားလုံးဆင်ပြေပါစေဗျာ…. မှားတာလေးများရှိရင် ၀ိုင်းဝန်ပြင်ဆင်ပေးကြပါလို့
တောင်းဆိုချင်ပါတယ်…. media player တိုင်းမှာ လုပ်နိုင်ပါတယ်ဗျာ…..အဆင်ပြေပါစေဗျာ………. ။

Tuesday, 22 November 2011

မိမိ page မှာ flash နာရီလေးတွေ ထည့်ကြရအောင် ...

ပထမဆုံး ဒီ website ကိုသွားမယ် ..
( ဒန်တန့်တန် ) ...
ဟော ! ရောက်သွားပါပြီ .. နာရီတွေအများကြီးပါပဲလား .. အဲ့မှာစရွေးလို့ရပါပြီ ..

နာရီတွေကလည်း သိပ်မလန်းဘူးဗျာ .. တရုတ်ဖြစ်တွေလားမှတ်ရတယ် . ဒါပေမယ့် လှတာလေးတွေလည်း လှပါတယ် ..
အဲ့ထဲက လှတပတလေးတစ်ခုကို ရွေးလိုက်တော့မယ်ဗျာ ..

ကျွန်တော်ကတော့ ဒီလှုပ်တုတ်တုတ်နာရီလေးကိုသဘောကျသဗျ .. ဒါလေးပဲရွေးလိုက်တော့မယ် ... အောက်မှာ ကျွန်တော်လုပ်ခဲ့သလိုလိုက်လုပ်လိုက်နော် ..

ပြီးရင် ကိုယ့်page ကိုသွားပြီး...HTML မှာ paste လိုက်ပေါ့ဗျာ....
ဒါလေးပါပဲဗျာ..အဆင်ပြေကြပါစေနော်...

ဓါတ်ပုံနှင့်လင့်ချိတ်ထားပြီး ဓါတ်ပုံထောက်တာနဲ့နာမည်ပါ ပေါ်အောင်လုပ်မယ် ( HTML )

အခုတင်ပေးမှာက ပုံတွေကို လင့်ညွှန်းမယ် အဲ့ပုံကိုထောက်လိုက်တာနဲ့ ကိုယ်ရေးထားတဲ့စာလေးပါပေါ်စေချင်တဲ့သူတွေအတွက်
HTML ကုတ်လေး တင်ပေးလိုက်ပါတယ် ။
ကုတ်လေးက ဒီလိုပါ ။
<a href="မိမိသွားစေချင်တဲ့ လင့်အားထည့်ပါ "target="_blank"> <img style="width: 150px; height:150px;"src="မိမိထည့်ချင်တဲ့ ဓါတ်ပုံလင့်ကိုထည့်ပါ ?width=100"title="ဒီမှာရေးချင်တဲ့ စာသားရေးလိုက်ပါ"alt=""/> </a>
ဒါလေးပါပဲ ။ ဒါကို ကျနော်တို့သတိထားရမှာက "" နှစ်ခုကြားကို လင့်ရအောင်ထည့်ပေးပါ ။ " " အဲ့လိုခြားနေမယ်ဆိုရင် မရပါဘူး ။
ကုတ်ထဲမှာ အမြင့်ရယ် အကျယ်ရယ် ကြိုက်သလိုပြင်လို့ရပါတယ် ။
အားလုံးအဆင်ပြေကြပါစေဗျာ....

Monday, 21 November 2011

'သီချင်းနားထောင်ရင်း စာသားတွေ အလိုအလျောက်တက်လာစေမယ့် Plug in လေးတွေ'

အင်္ဂလိပ်သီချင်းလေးတွေ နားထောင်ရင်း လိုက်ဆိုချင်တဲ့အခါ အင်တာနက်ကနေ သီချင်းစာသားပေးတဲ့ ဆိုက်တွေကနေ လိုက်ရှာရတက လည်းအလုပ်တစ်ခုပါ။သီချင်းနားထောင်လိုက် စာသားဖိုင်ကို ဖွင့်လိုက်နဲ့ ကွန်ပျူတာကို လည်းပရိုဂရမ်နှစ်ခုခိုင်းထားရသလို သီချင်းတစ်ပုဒ်ပြောင်းတိုင်း သီချင်းစာရွက်တစ်ရွက်ပြန်လိုက်ရှာ ဖွင့်နေရပြန်ေ၇ာ ၊သီချင်းနားထောင်တဲ့ အခါ Audio Player မှာ စာသားအလိုအလျောက်တက်လာရင်တော့ ကိုယ့် ကွန်ပျူတာလည်း တစ်ခါတည်း ပရိုဂရမ်နှစ်ခုအလုပ်မလုပ်ရသလို ကိုယ်လည်းအလုပ်မရှုပ်တော.ဘူးပေါ့။ဒီလို အဆင်ပြေချင်ရင်တော့ http://www.lyricsplugin.com ကိုသွားလိုက်ပါ။အဲဒီဆိုက်မှာ Audio Playerသုံးမျိုးဖြစ်တဲ့ Window Media Player, Winamp, Itune တို့နဲ့ တွဲဖက်ပြီး အသုံးပြုနိုင်မယ့် Plug in လေးတွေကို ဒေါင်းလုပ်ချပြီး ကိုယ့်ရဲ့ စက်မှာ Install လုပ်လိုက်မယ်ဆိုရင် သီချင်းနားထောင်တာနဲ့တစ်ပြိုင်တည်း Audio Player မှာ စာသားတွေကို အလိုအလျောက် ပေါ်လာစေမှာပါ။
သတိပြုရမှာတော့ - ဒီ Plug in လေးက သက်ဆိုင်ရာ Player ကနေ အင်တာနက် ၀က်ဘ်ဆိုက်တွေပေါ်က သီချင်းတွေကို ရှာချိတ်ပေးရတာဖြစ်လို့ အင်တာနက် တပ်ဆင်ထားဖို့တော့ လိုပါလိမ့်မယ်။အင်္ဂလိပ်သီချင်းတွေသာမက ဥရောပသီချင်းတွေနဲ့ ကိုရီးယား၊ တရုတ်၊ဂျပန်သီချင်းတွေနဲ့ စာသားတွေကို ပါ ရှာပေးနိုင်ပါတယ်။ဘာသာစကားလေ့လာနေတဲ့သူတွေ အတွက် နားထောင်စွမ်းရည်ကို သီချင်းနားထောင်ရင်း လေ့ကျင့်နိုင်ပါဦးမယ်။ မြန်မာသီချင်းတွေကိုတော့ ရှာပေးနိုင်ခြင်းမရှိပါဘူး။
Ref - The Voice Weekly Journal

Wednesday, 9 November 2011

လိုင်းမကောင်းပဲ Gtalk နှဲ့ Gmail သုံးချင်သူများအတွက်

လိုင်းမကောင်းပဲ ဂျီတော့ နှင့် ဂျီမေးလ် သုံးချင်သောသူငယ်ချင်းများအတွက် ကျွန်တော် သိသောနည်းကို

ဝေမျှပေးလိုက်ပါတယ်......

ဒီနေရာမှာဂျီမေးလ် ထဲ သွားချင်ရင် စာအိတ်ပုံကို ကလစ်ပါ

ဂျီတော့ ထဲ ၀င်ချင်ရင်တော့ ဂျီတော့( talk)ပုံ ကို ကလစ်လိုက်ပါ

အဆင်ပြေပါစေ....ဗျာ....

Sunday, 6 November 2011

Babylon +Oxford အင်္ဂလိပ်-မြန်မာ အဘိဓာန်..။

Babylon+Oxford English To Myanmar Dictionary ကို အင်္ဂလိပ်စာ လေ့လာနေသူများအတွက် အသုံးဝင်စေရန် ရည်ရွယ်ချက်ဖြင့်တင်ပေးလိုက်ရပါတယ်။ ဒီ Software ဟာ English To Myanmar
Dictionary ဖြစ်သည်နှင့်အညီ…အင်္ဂလိပ်စာကြောင်းရဲ့ အသံထွက်တွေကိုပါ ရွတ်ဆိုပြနိုင်ပါတယ်။
ဥပမာ hell လို့ရိုက်ထည့်လိုက်တာနဲ့..မြန်မာ ဘာသာပြန်တွေ ကျလာမှာဖြစ်ပါတယ်။ဒါကတော့ ပုံမှန်
ပါဘဲ။ နောက်ထူးခြားချက်တစ်ခုက ဥပမာ My name is U Hla လို့ရိုက်ထည့်လိုက်ပြီး ညာဘက်မှ
Speaker ပုံလေးကို ကလစ်လိုက်ပါက..အင်္ဂလိပ်စာ အသံထွက်အတိုင်း ရွတ်ဆိုပြမှာဖြစ်ပါတယ်ခင်ဗျာ။
သုံးကြည့်ပါ။

အသုံးပြုပုံ
Babylon7_setup_eng_eng_oxford_2.exe ကို ကလစ်ပါ။ Welcome Screen ပေါ်လာပါမယ်။ Setup Language မှာ English ကိုရွေးချယ်ထားပြီးဖြစ်ပါတယ်။ Next ကိုဆက်နှိပ်ပါ။ I already purchased a
License ကို ရွေးချယ်လိုက်ပါ။ Software နဲ့အတူပါလာသော လိုင်စင်ကီး စာရွက်ထဲမှ Username နဲ့
License Code ကို Copy ကူးပြီးဖြည့်လိုက်ပါ။ပြီးရင် Next ပဲပေါ့။ ပြီးရင် Yes ကိုရွေးချယ်ပါ။
Custom installation (advanced) ကိုရွေးချယ်လိုက်ပါ။ Make Babylon my default search engine,
Make Babylon Search my home page နဲ့ Install Babylon toolbar ကိုအမှန်ခြစ်ဖြုတ်ပြီး Install ကို
နှိပ်လိုက်ပါ။ Install လုပ်ပြီးရင် Email လိပ်စာထည့်ပြီး Finish နှိပ်ပါ။ ပြီးရင် No ကိုရွေးချယ်လိုက်ပါ။
ပြီးရင် Babylon Windows တက်လာပါပြီ။ တက်လာပြီဆိုရင် ခဏပိတ်ထားလိုက်ပါဦး။

Software နဲ့အတူပါလာတဲ့ MyanmarZ+Padonma Dictionaries ဆိုတဲ့ Folder ကိုဖွင့်လိုက်ပါ။
MZ Dictionary.bdc ကိုအရင် Click ပြီး Install လုပ်ပါ။ ပြီးရင် padonma-english-myanmar.bgl ဆိုတာကို
Click ပြီး Install လုပ်ပါ။ အားလုံးပြီးသွားရင်တော့ Desktop ပေါ်က Babylon Icon ကို ဖွင့်ပြီး စတင်အသုံးပြု
နိုင်ပါပြီခင်ဗျာ။အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Download Here

Username:BetaMaster
Serials:P275WR5MGX6VBCQKBHCCME5GHQWDZ3U5

Username: BetaMaster
Serials:P275WR5MGX6VBCQKBHCCME5GHQWDZ3U5

Saturday, 5 November 2011

♦ချစ်သူကို လက်ဆောင်လှလှလေး လုပ်ပေးရအောင်♦

သူငယ်ချင်းတို့ရေ ချစ်သူ.သူငယ်ချင်းများကို လက်ဆောင်အဆန်းလေး လုပ်ပြီး ပို့ပေးရအောင်နော်
ကျွန်တော်ကတော့ တော်တော်နှစ်သက်မိတယ် သူငယ်ချင်းတို့လဲ နှစ်သက်မယ်ထင်တယ်
ကဲ လေ့လာကြည့်နော် အဆင်ပြေပါစေလို့ ဆန္ဒများစွာဖြင့်

♦ဒီနေရာလေးကနေသွားပါ♦

အောင်ပါပုံလေးအတိုင်း အဆင့်ဆင့်လုပ်သွားပါ အများကြီးပဲနော် သူငယ်ချင်လိုချင်တဲ့အရာကို
ရွေးပြီးလုပ်နိုင်ပါတယ် ကျွန်တော်ကတော့ I Love You ကို ရွေးထားတာပါ

ကိုယ်နှစ်သက်တစ်ခုကို ကလစ်လိုက်ပါ
အောက်ကပုံလေးမှာ ပြထားတဲ့အတိုင်း ဆက်သွားပါခင်ဗျာ
လွယ်ပါတယ် ပုံလေးမှာကြည့်လုပ်လိုက်နော်သူငယ်ချင်းတို့
ဒီနေရာလေးကနေ ပို့ပြီးရင်တော့ သူရဲ့မေးလ်ထဲကိုရောက်သွားပါပြီ ကျနော်လဲဆိုဒ်တစ်ခုကတွေ့လို့လာတာပါ...အားလုံးပဲအဆင်ပြေကြပါစေ.........

Wednesday, 2 November 2011

ကိုယ်.GTALKကိုဘယ်သူသုံးနေလည်းစစ်မယ်

ကဲသူငယ်ချင်းတို့ရဲ့မေးလ်ကိုဘယ်သူဝင်းပြီးသုံးထားလည်းစစ်ကြည်.မယ်နော်

စလုပ်ရမှာကတော့ မေးလ်ထဲဝင်ပါ


ဝင်ပြီးသွားရင်မေးလ်ရဲ့အောက်ဆုံးဘေးဘက်နားကိုကြည်ပါ

ပုံအတိုင်:စာလေးကိုရှာကြည်.ပါ


အဲဒီအပုံမှာ အပြာရောင်လေနဲ့ရေးထားတဲ.Detailsကိုနှိပ်လိုက်ပါ

အဲဒီထဲကိုဝင်ပြီးသွားရင်တော့ဒီလိုလေးတွေ.ရပါလိမ်.မယ်

သူငယ်ချင်းရဲ့ဇယာ:လေးကြည်.ကြည်.ပေါ့
သုံးထားရင်ပြပါလိမ်.မယ် ဘယ်နေ့ကကိုယ်သုံးလည်း
သူပြထားတာနဲ့ဟုတ်ရဲ့လားဟုတ်နေရင်တော့တစ်ခြာ:သုံးထားတဲ.သူမရှိပါဘူး
ကိုယ်သုံးထားတဲ.ရက်ထက်ပိုပြနေရင်တော့ တစ်ခြာ:သုံးနေတဲ.သူရှိနေပါပြီး
အဲဒီလိုဖြစ်နေရင်သူငယ်ချင်းတို့ရဲ့ pwကိုပြောင်းလိုက်တာပိုကောင်းပါတယ်



သိသလောက်လေးတင်ပြပေးလိုက်ပါတယ်......

Sunday, 30 October 2011

မြန်မာဖောင့် install လုပ်နည်း...




 

ကျွန်တော်ဒီနေ့တော့ ကွန်ပျူတာကို စတင်အသုံးပြုသူတွေအတွက် Zawgyi-One Install လုပ်နည်းနဲ့ အခု
နောက်ပိုင်းပေါ်လာတဲ့ Unicode နဲ့Zawgyi-One နှစ်မျိုးလုံးကိုမိမိတို့ရဲ့ကွန်ပျူတာမှာလွယ်လွယ်ကူကူနဲ့
အသုံးပြုနိုင်စေဖို့အတွက်..ဒီပို့စ်လေးကိုရေးဖြစ်သွားတာဖြစ်ပါတယ်..Zawgyi-One ကို Install လုပ်တဲ့
အခါမှာ 32 Bits အတွက်အခက်အခဲမရှိပေမယ့် 64 Bits အတွက် Install လုပ်တဲ့အခါမှာအခက်အခဲလေး
တွေရှိတက်တာကိုတွေ့ရပါတယ်..ဒီပို့စ်လေးက စတင်လေ့လာကာစ နဲ့မသိသေးသူများ အတွက်သာရည်
ရွယ်ရေးသား တာဖြစ်တဲ့အတွက် သိပြီးသားသူများအနေနဲ့ တော့လိုအပ်လိမ့်မယ်လို့ မထင်ပါဘူး..ကျွန်တော်
တို့ Zawgyi-One ကိုအရင်ဆုံး အောက်မှာမိမိတို့အဆင်ပြေတဲ့ လင့်ကနေဒေါင်းလော့ချလိုက်ပါ..

 Zawgyi-One ကို Install လုပ်နည်း

 

အရင်ဆုံး Zawgyi-One-20060620 ကို Install လုပ်လိုက်ပါ.. Zawgyi-One-20060620 ကို Install
လုပ်ပြီးပြီဆိုရင်တော့ Keyboard အတွက် 32 Bits ဆိုတဲ့ Folder ထဲမှာရှိတဲ့  zfk-eg-wc2 ကို Install လုပ်
ပေးလိုက်ပါ..ဒါဆိုရင် 32 Bits Users များအတွက် မိမိတို့ရဲ့ ကွန်ပျူတာမှာ Zawgyi-One ဖောင့်ကို
ကောင်းကောင်းအသုံးပြုလို့ရသွားပြီဖြစ်ပါတယ်..

For 64 Bits

 
32 Bits အတွက် Install လုပ်ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့  64 Bits User များအတွက်
Zawgyi-One ဖောင့်ကို အသုံးပြုလို့ရအောင်ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကိုပြောပြပေးပါမယ်..တစ်ချို့
က ဒီအဆင့်လေးကိုမသိတဲ့ အတွက် Zawgyi-One ကိုသုံးလို့မရတာတွေဖြစ်တက်ပါတယ်..ဒေါင်းလော့ချ
ထားတဲ့ ဖိုဒါလေးထဲက 32Bits အတွက် Install လုပ်ပြီးသွားပြီဆိုရင်တော့ 64 Bits ဆိုတဲ့ Folder လေး
ထဲကိုသွားလိုက်ပါ..ပြီးရင်အဲ့ဒီဖိုဒါလေးထဲက install_me ဆိုတာလေးကို Install လုပ်ပေးလိုက်ပါ..ပြီးရင်
မိမိတို့ ကွန်ပျူတာကို restart ချပေးလိုက်ယုံပါပဲ..ဒါဆိုရင် 64 Bits မှာ Zawgyi-One ကိုအသုံးပြုရတာ
အဆင်ပြေသွားပါလိမ့်မယ်..

Zawgyi-One Download 

Download From Ifile.it


Download  From  Mediafire

Zawgyi and Unicode

 

နောက်တစ်ခုကတော့ Unicode ရော Zawgyi-One ရော Install လုပ်ပြီးသုံးချင်သူတွေအတွက်အဆင်ပြေ
မယ့်နည်းလမ်းလေးပါ..။အပေါ်မှာရှင်းပြခဲ့သလို မိမိတို့ရဲ့ကွန်ပျူတာမှာ Zawgyi-One Font ကို Install လုပ်
ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ Unicode ကို မိမိတို့စက်မှာသွင်းဖို့အတွက် Unicode Font တွေကိုဒေါင်းလော့ချ
လိုက်ပါ..Unicode အတွက် ဖောင့်တွေကိုဒေါင်းလော့ချပြီးပြီဆိုရင်တော့ အထဲမှာပါတဲ့ mm3 , winuniiw
yunghkio_pop_april_22_ship စတဲ့ ဖောင့်တွေအကုန်လုံးကို Install လုပ်လိုက်ပါ.ဒါဆိုရင်မိမိတို့ရဲ့စက်မှာ
Zawgyi-One ရော Unicode ရော နှစ်မျိုးလုံးနဲ့ရေးထားတဲ့ စာတွေကိုဖတ်လို့ရသွားပါပြီ.။နောက်ထပ် Unicode
လက်ကွက်ကိုအသုံးပြုနိုင်ဖို့အတွက် မိမိတို့ရဲ့ ကွန်ပျူတာမှ KeyMagic လေးကို Install လုပ်လိုက်ပါ..ဒါဆိုရင်
ကျွန်တော်တို့ကZawgyi-One ကိုအသုံးပြုမယ် ဆိုရင် ကီးဘုတ်က Shift နဲ့ Ctrl ကိုနှိပ်ပြီးပြောင်းသုံးနိုင်သလို
Unicode လက်ကွက်ကိုသုံးမယ်ဆိုရင်လဲ Keyboard မှ Ctrl + Shift + Z ကိုနှိပ်ပြီးပြောင်း သုံးလို့ရသွားပါပြီ..။
ဒါကတော့ လက်ရှိအသုံးပြုနေကြတဲ့ Zawgyi-One နဲ့ Unicode နှစ်မျိုးလုံးကိုမိမိတို့ရဲ့ ကွန်ပျုတာမှာ လွယ်လွယ်
ကူကူနဲ့ အသုံးပြုနိုင် ဖို့အတွက် ကျွန်တော်သိသလောက်ပြန်ပြီးတော့မျှဝေပေးခြင်းသား ဖြစ်ပါတယ်..

Unicode Fonts Download 


Download  From  IFile.it


Download  From  Mediafire

KeyMagic  Download 

Download  From Ifile.it


Download  From  Mediafire

အားလုံးပဲအဆင်ပြေကြပါစေ...ကျေးဇူးတင်ပါတယ်ခင်ဗျာ..

ကိုယ့်အိမ်လေးအလှဆင်ချင်ဖို့ CSS code လေးတွေပါ..


ကိုယ့်အိမ်လေးအလှဆင်ချင်ဖို့ CSS code တွေလေ...

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ


code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ


code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ


code တွေကိုဒီနေရာမှာယူပါ


code တွေကိုဒီနေရာမှာယူပါ


code တွေကိုဒီနေရာမှာယူပါ


code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ


code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ



code တွေကိုဒီနေရာမှာယူပါ


code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ


code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ

code တွေကိုဒီနေရာမှာယူပါ