ဒီနေ့တော့ Browser Home Page ပြဿနာတတ်နေတဲ့ သူငယ်ချင်းများအတွက် Sofftware လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ.....
ဘယ်နေရာမှာ သုံးဖို့အတွက်လဲ ဆိုရင်တော့ ကျနော်တို့ တချို့ Software တွေကို လိုအပ်လို့
စက်ထဲကို Install လုပ်ကြတဲ့ အခါ ... မလိုအပ်တဲ့ Adware ခေါ်တဲ့ Toolbar တွေကို ဥပမာ Babylon Toolbar/
AskToolbar / AVG Toolbar စ တာတွေဟာ သတိထားပြီး Install လုပ်ပါရက်နဲ့ Internet Browsersတွေဖြစ်တဲ့
Internet Explorer, Google Chrome , Mozilla Firefox တွေမှာသွားပြီး Home Page/
Search Addressbar/New Tab တွေမှာ သွားပြီး အော်တိုမက်တစ် နေရာယူလိုက်ကြပါတယ်... ဒီလိုနဲ့
Browser တွေ ဖွင့်ကြည့်တဲ့ အခါ Home Page မှာ အရင်ကထား ထားတဲ့ Google အစား
Babylon / Ask /AVG တွေ ဖြစ်ကုန်ပါတော့တယ်.... ကျနော့ ကိုယ်တွေ့ပါပဲ ဘယ်လိုမှ ရှင်းမရပါဘူး.... အဆိုးဆုံးကတော့....
Browser Address Bar ထဲမှာ Link တခုခုကို ထည့်ပြီး Enter ခေါက်လိုက်ရင် (သို့) စာ ရိုက်ပြီး
Enter ခေါက်လိုက်ရင် Google နဲ့ ရှာတာ မဟုတ်တော့ပဲ Babylon / Ask /AVG တွေနဲ့ဖြစ်ကုန်တာပါ (စာဖတ်သူများလည်း အနည်း နဲ့ အများတော့ ကြုံဖူးကြမယ်ထင်ပါတယ်)
အရင်အတိုင်းပြန်ဖြစ်ဖို့ Setting တွေ ပြန်ချိန်း Add On တွေကနေဖယ်ထုတ်ပစ် စက်ထဲက Babylon / Ask /AVG တွေကိုရှာပြီး Uninstall လုပ် Registry ထဲဝင်ပြီးဖျက် စုံနေအောင် လုပ်ပေမဲ့လည်း
Browser တွေရဲ့ Address Bar / New Tab တွေမှာ ဘယ်လိုမှကှိုပြန်ပြောင်းလို့မရတော့ပါဘူး...
အဲဒီပြဿနာကို ခုအောက်မှာ တင်ပေးလိုက်တဲ့ Software လေးနဲ့ ဖြေရှင်းပေးလိုက်တာ အဆင်ပြေသွားတာတွေ့ရလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်...:)
ဒီ ဖြုတ်မရ ဖျက်မရတဲ့ Babylon / Ask /AVG Toolbar တွေကို Browser တွေမှာရော စက်ထဲမှာရောRegistry မှာပါ အပြီးဖျက်ပေးသွားပါလိမ့်မယ်... ဖိုင်လ်ဆိုက်ဒ် လေးကတော့ 600.49KB ပဲရှိပါတယ်....:)
အသုံးပြုပုံကတော့ အပေါ်ကပုံထဲကလို Search နဲ့ရှာပြီး Delete လုပ်ပေးရုံပါပဲ.....:P
ကဲ... သူငယ်ချင်း မိတ်ဆွေ များ အားလုံး စမ်းသပ်ရင်း ပျော်ရွှင်ကြပါစေဗျားးးးးးး

No comments:
Post a Comment