Friday 8 June 2012

G-Talk အတွက် Bot Accounts များ


ဒီစနစ်ကတော့ G-Talk သုံးစွဲသူ User များအနေနဲ့ သိရှိပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လုံးဝမသိသေးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ရေးသားဖော်ပြလိုက်ပါတယ်။
အင်တာနက်ကို အသုံးပြုပြီး ဆက်သွယ်တဲ့နေရာမှာ အသုံးအများဆုံး Program လေးတစ်ခုကတော့ Google Talk (သို့) G-Talk လို့ခေါ်တဲ့ Program လေးပဲ ဆိုတာကို မိတ်ဆွေတို့အနေနဲ့ သိပြီးသားပါ။ ဒါပေမယ် အဲဒီလို ဆက်သွယ်ပြောဆိုကြတဲ့ နေရာမှာ လူမျိုး၊ ဘာသာစကား နဲ့ ယဉ်ကျေးမှုတွေ လူအချင်းချင်း မလွဲသာမရှောင်သာ ဆက်သွယ်ပြောဆိုကြတဲ့အခါမှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲကတော့ Language လို့ခေါ်တဲ့ ဘာသာစကားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် G-Talk ဘာသာပြန်စနစ် ဆိုတာက ပြေလည်အောင်ကူညီဆောင်ရွက် ပေးထားပါတယ်။
G-Talk ဘာသာပြန်စနစ် လုပ်ဆောင်ချက်ကတော့ Bot လို့ခေါ်တဲ့ အလိုအလျောက် တုံ့ပြန်ပေးတဲ့ စနစ်ကိုသုံးပြီး ကျွန်တော်တို့ G-Talk မှာ ရိုက်လိုက်တဲ့ စာတွေကို အလိုအလျောက် ဘာသာပြန်ပေးသွားမှာပါ။ ဒါပေမယ့် မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့ G-Talk မှာ ဒီစနစ်ကို သုံးချင်တယ်ဆိုရင်တော့ ဘာသာပြန်ပေးတဲ့ Bot Account တွေကို Add လုပ်တားဖို့တော့ လိုပါလိမ့်မယ်။ အဲဒီလို Add လုပ်လိုက်တာနဲ့ မိမိ Account ကို တစ်ဖက်မှ Auto Accept ပြန်လုပ်ပေးပါလိမ့်မယ်။
Bot တွေကို အသုံးချနည်းကတော့ အရမ်းကို လွယ်ကူပါတယ်။ အရင်ဆုံး မိတ်ဆွေတို့ အနေနဲ့ ပြောင်းချင်တဲ့ ဘာသာစကားအတွက် Bot Account ကို invite လုပ်ပါ။ ဥပမာ - အင်္ဂလိပ် ကနေ စပိန် ဘာသာကိုပြောင်းချင်တယ် ဆိုရင် en2es@bot.talk.google.com ဆိုတဲ့ Bot Account ကို add လုပ်ပေးရပါမယ်။ အဲဒီ account ကို add လုပ်ပြီးသွားပြီဆိုရင် Chat Box မှာ ကိုယ်ပြောချင်တဲ့ စကားကို ရိုက်ထည့်လိုက်ပါ။ ကိုယ်ရိုက်ထည့်ထားတဲ့ စကားကို Bot Account က ချက်ချင်း ဘာသာပြန်ပြီး ဖော်ပြပေးပါလိမ့်မယ်။ Bot Account က ဘာသာပြန်ပေးတာကို မိတ်ဆွေတို့က Copy လုပ်ပြီး မိမိရဲ့ Chat Box ထဲမှာ Paste ပြန်လုပ်ပေးရမှာပါ။ ဒီလိုနည်းနဲ့ ကိုယ်ပြောချင်တဲ့လူကို သူ့ရဲ့ဘာသာစကားအတိုင်း ပြောနိုင်မှာ ဖြစ်ပါတယ်။
ဒီ Bot Account တွေကို ဘာသာစကားတွေရဲ့ ကိုယ်စားပြု စကားလုံးနှစ်လုံး (ဥပမာ - English ဆိုရင် en) ကို အသုံးပြု ထားပါတယ်။ (from language)2(to language)@bot.talk.google.com ဆိုတဲ့ ပုံစံနဲ့ Bot Account တွေကို ဖော်ပြပေး ထားပါတယ်။ ဘာသာပြန်ပေးနိုင်တဲ့ ဘာသာစကား (Language) တွေကတော့ အင်္ဂလိပ်ဘာသာ မှ မြန်မာ၊ ပြင်သစ်၊ ဂျပန်၊ အီတလီ၊ ဂျာမနီ အစရှိတဲ့ ဘာသာစကား (၁၀)မျိုး ထက်မနည်း ရှိပါတယ်။ ကျွန်တော် သိရှိရသမျှ Bot Account တွေကို အောက်မှာ ဇယားနဲ့ အသေးစိတ် ဖော်ပြပေးထားပါတယ်။
G-Talk အတွက် Bot Accounts များ
1. English - Myanmar en2mm@mmgeeks.org
2. English - French en2fr@bot.talk.google.com
3. English - Japanese en2ja@bot.talk.google.com
4. English - Italian en2it@bot.talk.google.com
5. English - German en2de@bot.talk.google.com
6. German - French de2fr@bot.talk.google.com
7. English - Chinese en2zh@bot.talk.google.com
8. English - Tradition Chinese en2zh-hant@bot.talk.google.com
9. Chinese - Traditional Chinese zh2zh-hant@bot.talk.google.com
10. English - Arabic en2ar@bot.talk.google.com
11. English - Bulgarian en2bg@bot.talk.google.com
12. English - Croatian en2hr@bot.talk.google.com
13. English - Czech en2cs@bot.talk.google.com
14. English - Danish en2da@bot.talk.google.com
15. English - Dutch en2nl@bot.talk.google.com
16. English - Greek en2el@bot.talk.google.com
17. English - Finnish en2fi@bot.talk.google.com
18. English - Hindi en2hi@bot.talk.google.com
19. English - Korean en2ko@bot.talk.google.com
20. English - Norwegian en2no@bot.talk.google.com
21. English - Polish en2pl@bot.talk.google.com
22. English - Portuguese en2pt@bot.talk.google.com
23. English - Romanian en2ro@bot.talk.google.com
24. English - Russian en2ru@bot.talk.google.com
25. English - Spanish en2es@bot.talk.google.com
26. English - Swedish en2sv@bot.talk.google.com

No comments:

Post a Comment