Sunday, 30 October 2011

Animation လုပ်နည်း

  ကျနော် ဒါလေးလိုချင်နေတာ ကြပါပြီ။ အွန်လိုင်းပေါ်မှာ တွေ့တွေ့နေပေမယ့်လည်း မြန်မာဖောင့် သုံးမရတာနဲ့ပဲ လျစ်လျူရှုခဲ့ရတာပါ။ အခုတော့ တိုက်တိုက်ဆိုင်ဆိုင် လက်ထဲရောက်လာပြီဆိုတော့ ကျနော့လိုပဲ လိုချင်သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
     လိုချင်သူများ ဒီနေရာမှာ ဒေါင်းလိုက်ကြပါ။ ဖိုင်ဆိုဒ်က 24.0 MB ပဲရှိပါတယ်။
     ဒေါင်းထားတဲ့ xara 3dmaker7dl.exe ကို Install လုပ်ပြီးရင် Xara3D7 ဆိုတဲ့ Icon လေး Desktop ပေါ် ရောက်လာပါလိမ့်မယ်။ ဖွင့်လိုက်ပါ။ ပြီးရင် …


     File >> Open >> Animated မှာ Animation Design လေးတွေ တွေ့ရပါလိမ့်မယ်။ ကိုယ်ကြိုက်နှစ်သက်ရာ ကလစ်ပြီး စာရိုက်ထည့်လိုက်ပါ။ ဘေးဝဲယာမှာ …
Color Options
Extrusion Options
Design Options
Bevel Options
Shadow Options
Texture Options နဲ့
Animation Options ဆိုပြီး ပါရှိပါတယ်။ ကြိုက်နှစ်သက်ရာ Effect များကို ထည့်သွင်းနိုင်ပါတယ်။
     စာလုံးလေး စိတ်ကြိုက်ဖြစ်ပြီဆိုရင် Ctrl + Shift + X ကို ကလစ်ပါ။ ဒါမှ ကိုယ်ရေးထားတဲ့စာလုံးကို GIF (Animation) အဖြစ် ရမှာပါ။ သာမာန် Save As (Ctrl + S) နဲ့တော့ မရပါဘူး။
ဒါလေးတော့ သတိထားရပါလိမ့်မယ်။

No comments:

Post a Comment